Windows Genuine Validations,Cracks and Keygens (AIO)

Microsoft window XP,Vista, 2000 and window server 2003 တွေအတွက် window genuine validators တွေ၊ window updater တွေ , Crack နဲ့ Keygen တွေကို တစုတစည်းထဲ ပေါင်းထားတဲ့ AIO ဖိုင်လေးပါ။ တော်တော်ကောင်းပါတယ်..။ အသုံးဝင်မယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ .

ဒီမှာ Dwonload ရယူနိုင်ပါတယ်..။

သီတင်းကျွတ်တော့မယ်ဗျို..

..နောက် ၂ ရက်ဆိုရင် သီတင်းကျွတ်တော့မယ်…
..မြန်မာပြည်ကို လွမ်းတယ်….
.. ခြင်ကိုက်တတ်တဲ့ ကျွန်တော့်နေတဲ့ မအူပင်မြို့လေးကိုလည်း လွမ်တယ်…
..အမေ့အိမ်ကိုလည်း လွမ်းတယ်….
..ဘာလိုလိုနဲ့ မြန်မာပြည်နဲ့ ခွဲလာတာ ၃ နှစ်တောင်ကျော်လာပြီ…
.. ဘာပဲပြောပြာ နောက်နှစ်ဆိုရင် မြန်မာပြည်ကို ပြန်ရတော့မယ်.. ဒါပဲကွ..
..နောက်နေ့တွေကျမှပဲ ခြင်ကိုက်တယ်ဆိုပြီး နာမည်ကြီးတဲ့ ကျွန်တော်တို့ရဲ့ မအူပင်မြို့လေး အကြောင်း ရေးပါဦးမယ်..

Memory Performance ကိုပိုမိုမြန်ဆန်အောင် ပြုလုပ်ခြင်း။

မိမိအသုံးပြုနေတဲ့ ကွန်ပျုတာရဲ့ စွမ်းဆောင်နိုင်မှု (performance)ကို ပိုမိုကောင်းမွန်လာစေရန် memory မှာ သိမ်းဆည်းလုပ်ဆောင်နေတဲ့ Data တွေကို စနစ်တကျနေရာချထားပေးဖို့ လိုအပ်ပါတယ်..။ တနည်းအားဖြင့်ပြော မယ်ဆိုရင်တော့ (memory defrag)လုပ်တာပေါ့.. ။ :-)…။ ကဲ.. အောက်ပါအတိုင်းသာ လုပ်ကြည့်လိုက်ပါ။
(၁) start menu မှ run ထဲမှာ regedit ဆိုပြီး ရိုက်လိုက်ပါ။
(၂)registry editor window ပေါ်လာရင် – HKEY LOCALMACHINE\ SYSTEM\ Current Control Set\ Control\ Session Manager\ Memory Management ဆိုပြီး အဆင့်ဆင့်သွားလိုက်ပါ။
(၃)Memory Management ကို Click လိုက်ပါ။ ညာဘက်မှာ Disable Paging Executive ဆိုတာကို ရှလိုက်ပါ။ တွေ့ရင် Double Click လုပ်ပြီး decimal value ကို 1 သို့ပြောင်းပေးလိုက်ပါ။
(၄)နောက်ထပ် Large System Cache ကိုရှာပြီး double click လုပ်လိုက်ပါ။ ပြီးရင်း decimal value ကို 1 သို့ပြောင်းပေးလိုက်ပါ။
-ဒါဆိုရင် window ကနေပြီ memory performance ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး ဖြစ်သွားပါပြီ.. ။
ကလိကြည့်လိုက်ကြပါ..။

Gtalk,yahoo,msm,gizmo တို့မှတပြိုင်တည်း multiple voice conference ပြုလုပ်လို့ရပြီ

messenger တစ်ခုရှိယုံဖြင့် တခြား messenger တွေနဲ့ တပြိုင်တည်း group chat (conference) ပြုလုပ်နိုင်တဲ့ service လေးနဲ့ မိတ်ဆတ်ပေးပါရစေ.။ မိမိကွန်ပျုတာမှာ (gtalk,yahoo,msn,gizmo) တစ်ခုခု ရှိနေရယုံပဲ လိုအပ်ပြီး တခြားသော messenger (gtalk,yahoo,msn,gizmo) သုံးထားတဲ့ user တွေနဲ့ group chat လုပ်လို့ရပါပြီ။ နားရှုတ်သွားလာ မသိဘူး..။ ဥပမာ.. မိတ်ဆွေတို့ဆီမှာ gtalk messenger ရှိယုံနဲ့ပဲ တခြား yahoo ,msn,gizmo user တွေနဲ့ တပြိုင်တည်း conference လုပ်လို့ရတာ ဖြစ်ပါတယ်။ group chat ပြုလုပ်ရန်အတွက် မိမိအသုံးပြုမဲ့ messenger မှာ gtalk2voip account ကို add ပေးရပါမယ်.။အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါ အဆင့်အတိုင်း ပြုလုပ်လို့ရပါတယ်။
– ပထမဆုံး www.gtalk2voip.com ကို သွားလိုက်ပါ။ အဲဒီမှာ subscription ဆိုတာကို တွေ့ပါလိမ့်မယ်..။
(၁) Google Talk တွင် add ရန်အတွက် subscription မှာ မိတ်ဆွေရဲ့ gtalk ID ကိုထည့်လိုက်ပါ။ ပြီးရင် အောက်မှာ google talk ကိုရွေးပြီးတော့ invite ကိုလုပ်လိုက်ပါ။ သင့်ရဲ့ gtalk မှာ service@gtalk2viop ဆိုတဲ့ account တစ်ခု invite လာလုပ်ထားတာ တွေ့ရပါမယ်.. ။ accept လုပ်လိုက်ပါ။
(၂) Yahoo messenger မှာ add ရန် subscription မှာ သင့်ရဲ့ yahoo ID ကိုထည့်လိုက်ပါ။ အောက်မှာ yahoo messenger ကိုရွေးပြီး invite လုပ်လိုက်ပါ။ သင့်ရဲ့ yahoo မှာ gtalk2voip ဆိုတဲ့ account တစ်ခု add လာပါလိမ့်မယ်။ accept လုပ်လိုက်ပါ။ voice call တစ်ခုပါ ၀င်လာပါမယ်.။ accept လုပ်လိုက်ပါ..။
(၃) msn/live messenger အတွက်လည်း အထက်ပါ အတိုင်း subscription မှာ မိမိ ID ကိုထည့် msn/live messenger ကိုရွေးပြီးတော့ invite လုပ်ပေးလိုက်ပါ။…။
ဒါဆိုရင် သင့် messenger ရဲ့ account ထဲမှာ gtalk2voip account ကို add ပြီးပါပြီ။ တခြား အသုံးပြုမဲ့ သူမှာလည်း gtalk2voip account ကို subscript လုပ်ပြီး add ထားဖို့လိုပါတယ်။
– conference ပြုလုပ်တဲ့နည်းကတော့..
(၁) မိမိ messenger ထဲမှာရှိတဲ့ gtalk2voip account ကို ကလစ်လိုက်ပါ။ပြီးရင် conf ဆိုပြီး chatbox မှာ ရိုက်ပေးလိုက်ပါ။ call တစ်ခု ၀င်လာပါမယ်။ conference cookies is ……………. ဆိုပြီး cookies number တစ်ခုပေးပါလိမ့်မယ်။
(၂) ရလာတဲ့ cookies number ကို မိမိ group chat ပြုလုပ်လိုသူထံ ပေးလိုက်ပါ။
(၃) တဖက်လူမှ conference ကို ၀င်ချင်တယ်ဆိုရင်တော့ messenger ထဲမှာရှိတဲ့ gtalk2voip ကို click လိုက်ပါ။ ပြီးရင် join cookies number (တဖက်ကပို့လာတဲ့ cookies number) ကို ရိုက်ထည့်ပေးလိုက်ပါ။
– voice mail ပို့ချင်တယ်ဆိုရင်တော့ vmsend ID message (ဥပမာ.. vmsend aaa@yahoo.com ) ဆိုပြီး ပို့လို့ရပါတယ်။ call တစ်ခုဝင်လာပါမယ်.။
– Instant message ပို့ချင်တယ်ဆိုရင်တော့ IM ID messgae(ဥပမာ.. im bbb@gmail.com Hello!) ဆိုပြီး ပို့လို့ရပါတယ်။
– Phone Message(SMS) ပို့ချင်တယ်ဆိုရင်တော့ SMS Ph-no text(ဥပမာ.. sms +1 000 111 444 Hello! ) ဆိုပြီး ပို့လို့ရပါတယ်။
– တခြား command တွေကို Help ဟု ရိုက်ပြီး ဖတ်ရှုလေ့လာလို့ ရပါတယ်။
ဒါဆိုရင် မိမိမှာ messenger တစ်ခုရှိနေယုံနဲ့ တခြားသော messenger တွေနဲ့ group chat/ voice chat (conference) ကို အလွယ်တကူ ဆက်သွယ်အသုံးပြုနိုင်ပါပြီ။ ကဲ.. အွန်လိုင်းမှာ group လုပ်ပြီး စိတ်ကြိုက်ပွားလို့ရပါပြီနော်..။
(gtalk2voip service အကြောင်းကိုပြောပြပေးတဲ့ sg မှ သူငယ်ချင်းကို ဒီနေရာမှာ ကျေးဇူးအထူး တင်ရှိပါတယ်။)

window XP administrator account ကို Hack ကြည့်ရအောင်

မိတ်ဆွေတို့ လက်ရှိအသုံးပြုနေတဲ့ window user account ဟာ limited user(၀ါ) guest user အဖြစ်နဲ့ ၀င်ရောက်သုံးစွဲနေရပါတယ်.. သုံးစွဲရာမှာလည်း ကန့်သက်ချက်တွေ ရှိနေမယ် (ကိုယ်သုံးချင်တဲ့ software တွေကို စိတ်ကြိုက်သုံးစွဲလို့ မရဘူးဖြစ်နေတယ်) ဆိုရင်.. မိမိကိုယ်ပိုင် administrator account တစ်ကို အလွယ်တကူ ဖန်တီးရယူ ထားလို့ရပါတယ်.. ကျွန်တော်စမ်းသပ်ကြည့်တာလဲ အဆင်ပြေပါတယ်.. admin account ကို ဖန်တီးဖို့အတွက် …
(၁) AccMaker Zip ဖိုင်ကို ဒီနေရာ ကနေ Download အရင်ဆုံး လုပ်လိုက်ပါ။
(၂) ပြီးရင် zip ဖိုင်ကို ဖြေလိုက်ပါ။(password : softarchive.net/user/hankypanky)
(3) ရလာတဲ့ AccMaker folder ကို Dirve C (window လက်ရှိအသုံးပြုနေတဲ့ Drive) မှာ သွားထားပေးလိုက်ပါ)
(၄) ပြီးရင်တော့ Runit folder ထဲက AccMaker.exe ကို run ပြီး install လုပ်ပေးလိုက်ပါ။
(၅) install လုပ်တာပြီးပြီဆိုရင် restart လုပ်လိုက်ပါ။..
Hack ဆိုတဲ့ administrator account အသစ်တစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်..
Admin Account User : Hack
Password : No Password
.. အလွယ်တကူ ၀င်ရောက်ပြီး PC ကိုစိတ်ကြိုက် အသုံးပြုလို့ရသွားပါပြီ.. ရုံးတွေ သင်တန်းတွေမှာ admin account မဟုတ်ပဲ guest (limited account) နဲ့ သုံးနေရတဲ့သူတွေအတွက် အသုံးဝင်မယ်ထင်ပါတယ်.။ (ခိုးသုံးဖို့အတွက်လေ.. :)).။ ဒီ software ကို guest account မှာရော admin account မှာပါ intsall လုပ်လို့ရပါတယ်..။

Blog Header အောက်မှာ navigation menu များထည့်သွင်းနည်း

ကျွန်တော့်ကို Blog မှာ Navigation menu bar တွေ ဘယ်လိုထည့်ရမယ်ဆိုမယ်ဆို MM Phyithar က လာမေးထားပါတယ်..။ အဟဲ.. အမှန်ပြောရရင် ကျွန်တော့် ဘလော့မှာ သုံးထားတဲ့ Navigation menu bar က သုံးထားတဲ့ Template မှာ ရယ်ဒီမိတ်ပါတာဗျ..။ ကျွန်တော့်က Link လေးတွေကို ထည့်ပေးလိုက်ရုံပါပဲ..။ ဒါဆိုရင် မေးကြဦးမယ်.. ။ တခြား Template တွေမှာရော Navigation menu ထည့်လို့မရဘူးလို့ မေးကြမှာပါ.. ။ ထည့်လို့ရပါတယ်..။ ဒီ navigation menu ကို ဘယ်လို ထည့်ရမယ်ဆိုတာကို အကိုကြီး ကိုဘုရင့်နောင်က ရေးပြရှင်းလင်းပြီး ဖြစ်ပါတယ်..။ အခုကျွန်တော်ပြောပြမဲ့ navigation menu ထည့်သွင်းနည်းကလည်း ကိုဘုရင့်နောင်ကြီးရဲ့ post ကိုမှီကျမ်းပြီး ရေးသားထားတာပါ..။ Navigation Menu bar ထည့်သွင်းတာ အဆင့်(၂) ဆင့်ပဲ လိုအပ်ပါတယ်..။ Template ထဲကို ၀င်ပြီးတော့ edit html ထဲကိုဝင်လိုက်ပါ။
(၁) အောက်မှာ ဖေါ်ပြထားတဲ့ CSS code တွေကို Blog Code တွေထဲက CSS section ထဲမှာ သွားထည့်ပေးလိုက်ပါ။ CSS section ဆိုတာ ဘယ်နေရာလဲလို့မေးရင်တော့ လွယ်လွယ်ပြောရရင် HTML မှာ Head နဲ့Body ဆိုပြီး အပိုင်း၂ ပိုင်းရှိပါတယ်..။ CSS section ဟာ head အပိုင်းထဲမှာ ရှိပါတယ်..။ အတိအကျပြောရရင် ဆိုတဲ့စာကြောင်း မတိုင်ခင်အပိုင်းဟာ CSS section ပါ..။ သဘောတရားကတော့ webpage မှာသုံးမဲ့ obeject ကို CSS style sheet မှာအရင်ကြေငြာပြီး html ကဆွဲယူသုံးစွဲတာဖြစ်ပါတယ်..။ အောက်ပါ CSS code တွေကိုယူပြီးCSS section ထည့်ပေးလိုက်ပါ..။Font family,marging,padding,font colour နဲ့ background colour တွေကို မိမိစိတ်ကြိုက်ပြောင်းလဲပေးလို့ရပါတယ်..။

#nav {
font-family: Verdana, Arial, sans-serif;
font-size: small;;
padding:5px 15px 5px;
margin:0px;
background-color:#71B8D5;
color:#fff;
width: 100%;
border-bottom: 1px solid #6F8C8F;
}
#nav a
{
color:#fff;
text-decoration:none;
}
#nav a:hover
{
text-decoration:underline;
}

(၂) ပြီးရင် အောက်မှာ ဖော်ပြထားတဲ့ html code တွေကို Navigation menu ထည့်သွင်းချင်တဲ့ နေရာမှာ သွားထည့်ပေးလိုက်ပါ..။ ဥပမာ.. Header အောက်မှာထည့်ချင်တယ်ဆိုရင်တော့.. အရင်ဆုံး.. template ထဲမှာ အောက်မှာ ဖေါ်ပြထားတဲ့ code ကိုအရင်ရှာလိုက်ပါ..။

<div id=’header-wrapper’>
<b:section class=’header’ id=’header’ maxwidgets=’4′>
<b:widget id=’Header1′ locked=’true’ title=’FOX (Header)’ type=’Header’>
</div>

အဲဒီ <header-wrapper> code ကိုတွေ့ပြီဆိုရင်သူ့ရဲ့ နောက်မှာကပ်ပြီး အောက်ပါ html code ကိုထည့်ပေးလိုက်ပါ..

<div id=”nav”>
<a href=”http://www.yoursite.com/”>about</a&gt;|
<a href=”http://www.yousite1.com/”>archives</a&gt;|
<a href=”http://www.yoursite2.com/”>contact</a&gt;|
<a href=”http://www.yoursite3.com/”>rss</a&gt;
</div>

Link URL မှာ မိမိထည့်သွင်းလိုတဲ့ URL နဲ့ Name တို့ကိုထည့်ပေးလိုက်ပါ.။ ဒါဆိုရင်ပြီးပါပြီ..

Firefox မှာ Homepage ကို Mutiple pages လုပ်ကြည့်ရအောင်

Firefox ရဲ့ ရိုးရှင်းတဲ့ လှည့်ကွက်လေး တစ်ခုပါ။ Firefox Browser မှာ Homepage ကို multiple pages နဲ့ ထားချင်တယ်ဆိုရင်တော့… သိပ်ပြီးခက်ခက်ခဲခဲ လုပ်စရာမလိုပါဘူး..။ firefox ကိုဖွင့်ပြီး Tool menu အောက်က option ကို ၀င်လိုက်ပါ။ option window ပေါ်လာရင် general အောက်မှာ homepage location(s) ဆိုပြီး URL ရိုက်ထည့်တဲ့ နေရာလေးကို တွေ့ရပါမယ်..။ Homepage အဖြစ်သတ်မှတ်မဲ့ URL တွေ တစ်ခုနဲ့တစ်ခုကြားမှာ “|” sign လေး ခံပြီးရိုက်ပေးလိုက်ရုံပါပဲ..ဒီလိုပုံစံမျိုးပေါ့..။

ဒီလိုဆိုရင် မိမိ Homepage အဖြစ်သတ်မှတ်ထားတဲ့ page တွေဟာ Tab တစ်ခုဆီနဲ့ ပွင့်လာမှာ ဖြစ်ပါတယ်..။ ဘာပိုကောင်းလဲဆိုတော့ Browser ဖွင့်လိုက်တာနဲ့ page တွေအများကြီး ပွင့်လာမယ်.. ။ ဆိုးတာကတော့ Connection မကောင်းရင် homepage loading မှာတင်ကြာနေမှာ.. ။ IE မှာ စမ်းကြည့်သေးတယ်.. ။ လုပ်မရဘူးဗျ..။

Changing wordpress style template

blogger template တွေ online မှာလိုက်ရှာရင်း wordpress ကို Blogger xml template ဖြစ်အောင် ပြောင်းထားတာလေးတွေ တွေ့လို့ ကြိုက်တာနဲ့ 3 coloum template လေးကို ပြောင်းသုံးကြည့်လိုက်တယ်..။ ကျွန်တော် ဘလော့လေးရဲ့ ၅ ခုမြောက် template လေးပါ..။ template ချိန်းတာ အချိန်တော့်တော် ပေးလိုက်ရတယ်..။ wordpress မှာ ပေးထားတဲ့ feature တွေက အများကြီးပဲဗျာ.. ။ မိုက်လည်း တော်တော်မိုက်တယ်..။ blogger version ဖြစ်အောင် ပြန်ရေးထားတဲ့သူကိုလည်း လေးစားတယ်ဗျာ.။ wordpress က feature တွေအကုန် နီးပါပြန်ရအောင် ရေးပေးထားလို့ပါပဲ.။ တစ်ခုရှိတာက coding တွေ တော်တော်များများက မူရင်း blogger ပုံစံနဲ့ သိပ်မတူတော့ဘူး..။ သုံးရတာ မျက်စိနည်းနည်း ရှုတ်နေတယ်..။ ကျွန်တော်အခုထိ ဒီတန်းပလိတ်မှာ တူတူရေးဝါး (Peekaboo) လုပ်တာ အဆင်မပြေသေးဘူး..။ ကျွန်တော်ညံ့နေတာလဲ ပါမှာပါ.။ template အကုန်ချိန်းပြီးမှာ Date drsign ချိန်းတာက အလုပ်မလုပ်ဘူး.။ page error ပဲပြနေတယ်..။ သူပြောတဲ့အညွှန်းအတိုင်းပဲ Timestamp formet ကိုလည်း ချိန်းတာပါပဲ..။ ရလိုက် မရလိုက်နဲ့..။ နည်းနည်းခေါင်းစားသွားပြီမှ အဖြေတွေ့တော့တယ်.။ ဒီ template မှာ သုံးထားတဲ့ date style ပြောင်းတဲ့နေရာမှာ သုံးတဲ့ Javascript ဖိုင်က သုံးတာများပြီး Bandwidth limit exceeded ဖြစ်နေတာကို..။ ဒါနဲ့ အဲဒီ jscript ဖိုင်လေးကို download လုပ်ပြီး ကျွန်တော့်ရဲ့ google page မှာ တင်လိုက်မှ အဆင်ပြေသွားတော့တယ်..။ ကျွန်တော်အကြံတစ်ခုပေးချင်တာကတော့ blog template တစ်ခု အသစ်ပြောင်းမယ်ဆိုရင် ကိုယ်အသုံးပြုမဲ့ template မှာသုံးထားတဲ့ ဓါတ်ပုံတွေ၊ javascript file တွေ၊ CSS file တွေအားလုံးကို download လုပ်ထားပြီ မိမိရဲ့ကိုယ်ပိုင် hosting တစ်ခုမှာ ပြန်တင်ထားစေချင်တယ်..။ ဘာလို့လဲဆိုတော့ အဲဒီ template ကို လူအသုံးများတာနဲ့ bandwidth exceeded ဖြစ်လာရင် ကိုယ့်ဘလော့မှာပါ error ပြလာမှာပါ..။ ကိုယ်ပိုင် hosting မှာက ကိုယ်တစ်ယောက်ထဲ သုံးနေတာဆိုတော့ အယ်ရာဖြစ်တာ နည်းပါတယ်..။ ကျွန်တော်ကတော့ hosting အတွက် google page ကိုအသုံးများတယ်.. ။ fileden တို့ ripway တို့ကျတော့ ၁ လကြာတဲ့အထိ login မလုပ်ဖြစ်ရင် အလိုလို account ပျက်ပါတယ်.။ google page ကတော့ အဲလိုမဖြစ်ပါဘူး..။ ကျွန်တော်သုံးတဲ့ wordpress စတိုင် template တွေ download လုပ်နိုင်တဲ့ Link ကို footer ကနေတဆင့် သွားရောက်ရယူနိုင်ပါတယ်..။

Idea ကောင်းတဲ့ Bridgestone တာယာကြော်ငြာ

..ကြည့်ကြည်လိုက်ပါ..
..ရယ်လည်းရယ်ရတယ်..
..director ရဲ့ idea လေးလည်း အရမ်းကောင်းတယ်..
..အသည်ကွဲသွားတဲ့ ခွေးလေးတစ်ကောင်ရဲ့ ခံစားချက်လေးပေါ့.. ။

LAN ထဲမှာ Hidden Folder ပြုလုပ်၍ file share ပြုလုပ်ခြင်း

မိမိကွန်ပျုတာကနေ တခြားကွန်ပျုတာတစ်ခုဆီသို့ lan ထဲမှာ file share ပေးချင်တယ်.။ ဒါပေမဲ့ အဲဒီ share ကို တခြားသူတွေကို မမြင်စေချင်ဘူး..။ တခြားသူတွေ copy မလုပ်စေချင်ဘူးဆိုရင် ဒီနည်းလေးနဲ့ hidden share လုပ်လို့ရပါတယ်။ သိပ်ပြီးခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး..။ အတော်တော်များများလည်း ဒီနည်းကို သိပြီးကြပြီ ဖြစ်မှာပါ။ ပြုလုပ်နည်းကတော့..
– မိမိ share ပေးလိုတဲ့ folder name ရဲ့နောက်မှာ $ sign လေးထည့်ပြီးတော့ rename လုပ်ပေးလိုက်ပါ။
-ပြီးရင် အဲဒီ share ကို share လုပ်ပေးလိုက်ပါ။
ဒါလိုဆိုရင် အဲဒီ share ပေးထားတဲ့ folder ကို Network Places ထဲက view my workgroup computer ကပဲကြည့်ကြည့်၊ Run ထဲက computer name နဲ့ဖြစ်ဖြစ် IP address နဲ့ဖြစ်ဖြစ် ကြည့်တာနဲ့ share လုပ်ထားတဲ့ folder ကို မြင်ရမှာ မဟုတ်ပါဘူး..။
ဒီ folder ကို တဖက်ကွန်ပျုတာက ဖွင့်ချင်တယ်ဆိုရင်တော့ Run ထဲကနေ ဖွင့်လိုတဲ့ computer name (or) IP address ရဲ့ နောက်မှာ share folder name $ ကိုတိုက်ရိုက် ရိုက်ထည့်ပြီး ခေါ်ယူရပါမယ်.။ ဥပမာ.. share ပေးထားတဲ့ folder name က Data$ ပဲဆိုပါစို့..။ Run ထဲမှာ အောက်ပါအတိုင်း ရိုက်မှ မြင်ရပါမယ်..

ဒါဆိုရင် hidden share လုပ်ထားတဲ့ Data ဆိုတဲ့ folder ကိုအလွယ်တကူ ဖွင့်လို့ရသွားပါပြီ..။ စာဖတ်သူတွေ အသုံးဝင်ကြမယ်လို့ ထင်ပါတယ်.။